အသားကိုကြိတ်ပြီး oven နဲ့ကင်ထားတဲ့ စားစရာတစ်မျိုးပါ။
အမှန်တော့ Hamburger မှာ ပေါင်မုန့်ထဲညှပ်စားတဲ့ အသားပြားဖြစ်ပြီး ဒါကို ဂျပန်လူမျိုးများက ထမင်းနဲ့စားလို့အဆင်ပြေအောင်းစီမံတီတွင်ထားတဲ့ ဟင်းလျှာတစ်မျိုးလို့ထင်ပါတယ်။ ဂျပန်လိုတော့ Hamburgu လို့ခေါ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ၀က်သား ၂၀ ကျပ်သား
- ကြက်သွန်နီ ၃ လုံး
- ပေါင်မုန့်ခြောက်အမှုန့် ၄ စားပွဲတင်ဇွန်း
- ကြက်ဥ ၁ လုံး
ဆော့အတွက်
- ခရမ်းချဉ်သီးဆော့ ၂ စားပွဲတင်ဇွန်း
- ငံပြာရည်အကြည် ၁ စားပွဲတင်ဇွန်း
- Worcester sauce ၁ စားပွဲတင်ဇွန်း
- ခရုဆီ ၀.၅ စားပွဲတင်ဇွန်း
- ၀က်သားကို လက်မ၀က်ခန့်အတုံးလေးများတုံးပြီး ကြိတ်စက်ထဲထည့်ခါ အနည်းငယ်ကြေသည်အထိ ကြိတ်ပေးပါ။
- ကြက်သွန်နီကို ခပ်ကြီးကြီးအစိပ်များလှီးပြီး ၁ ထဲသို့ပေါင်မုန့်ခြောက်မှုန့်၊ကြက်ဥနှင့် အရသာအတွက်ပစ္စည်းများကိုပါရောထည့်ပြီး ကြေသွားတဲ့အထိကြိတ်ပေးပါ။
- ၂ ကို အ၀ိုင်းပြားပြား (ငါးဖယ်ပြားကဲ့သို) လုပ်ပြီး ကင်မည့်ဗန်းအတွင်းထည့်ပါ။ ဗန်းရဲ့အောက်မကပ်စေရန် ဆီအနည်းငယ်သုတ်ပြီးမှ (သို့မဟုတ်) မကပ်သော ခြားခံတစ်ခုခုကိုထားပြီးတင်ပေးပါ။
- oven ကို ၂၃၀ ဒီဂရီအပူပေးထားပြီးမှ ၁၃ မိနစ်မှ ၁၅မိနစ်အထိ ကင်ပါ။
- ဆော့အတွက်အရာများကို ပုဂံတစ်လုံးအတွင်းရောထည့်ပြီး ရေအနည်းငယ်ထည့်ပြီးမွှေပေးပါ။ ပြီးနောက် microwave ဖြင့် ၁ မိနစ်အပူပေး၊ အပြင်ထုပ်ပြီး ဇွန်းဖြင့်မွှေ၊ နောက်ထပ် ၁ မိနစ်ထပ်ပြီး အပူပေးပါ။ မိမိလိုချင်သော အပျစ်အကျဲရလျှင် ရပါပြီ။
- ၄ တွင်ကင်ပြီးသောအသားပြားပေါ်သို ဆော့ကိုဆမ်းပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
ပါဝင်ပစ္စည်းများ |
ကြိတ်ပြီးသားသောပုံ |
oven နှင့်မကင်မှီပုံ |
No comments:
Post a Comment