Monday, October 6, 2014
ပဲကြာဆံသုပ်
ပဲကြာဆံသုပ်(၂ ယောက်စာ)
လိုအပ်သောပစ္စည်းများ
ပဲကြာဆံ ၂ ယောက်စာလိုသလောက်
ကျောက်ပွင့် အနည်းငယ်
ခရမ်းချဉ်သီး ၁ လုံး
ကြက်သွန်နီ ၁ ခြမ်း
ကြက်သွန်မိတ် အနည်းငယ်
အရသာအတွက်
မြေပဲဆံထောင်း အနည်းငယ်
နှမ်းဖြူ အနည်းငယ်
ငါးငံပြာရည် ၁ စားပွဲတင်ဇွန်း
ငရုတ်ဆီ ၁ လက်ဘက်ရည်ဇွန်း
ကြက်သွန်ဖြူဆီချက် ၁ စားပွဲတင်ဇွန်း
ကြက်သွန်ဖြူထောင်း အနည်းငယ်
ငရုတ်ကောင်း အနည်းငယ်
သံပရာသီး ၁ ခြမ်း
ပြုလုပ်ပုံ
(၁) ပဲကြာဆံနှင့် ကျောက်ပွင့်ကို ရေစိမ်ထားပါ။ ရေနွေးနှင့်ပြုတ်ပြီး ရေအေးနှင့်ဆေးကာ ရေစစ်ထားပါ။
(၂) ခရမ်းချဉ်သီးကို အစေ့ထုပ်ပြီး ပါးပါးလှီးထားပါ။ ကြက်သွန်မြိတ်ကို ရေစင်အောင်ဆေးပြီး ပါးပါးလှီးထားပါ။ ကြက်သွန်နီကိုပါးပါးလှီးပြီး ရေဆေးထားပါ။
(၃) ၁ နှင့် ၂ ကို ဇလုံအကြီးတစ်ခုထဲတွင်ထည့်ပြီး အရသာအတွက်ပြင်ဆင်ထားသောအရာများကိုထည့်ပါ။ ဖွဖွနယ်ပေးပါ။ ဒါဆိုအရသာရှိတဲ့ ပဲကြာဆံသုပ်ရပါပြီ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment